BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း သျှမ်းသံတော်ဆင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၀ ကျော်ကို ကျားဖြူပါတီ အချိန်မှီ စာရင်းတင်

လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၀ ကျော်ကို ကျားဖြူပါတီ အချိန်မှီ စာရင်းတင်

ရွေးကောက်ပွဲကော်မရှင် သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းနှင့် အချိန်တို ကန့်သတ်ချက်ကြောင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီလည်း လွှတ်တော်ကိုယ်စားလှယ်လှောင်း ၁၆၀ ကျော် အချိန်မှီ စာရင်းတင်.....

 

ရွေးကောက်ပွဲကော်မရှင် သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းနှင့် အချိန်တို ကန့်သတ်ချက်ကြောင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီလည်း လွှတ်တော်ကိုယ်စားလှယ်လှောင်း ၁၆၀ ကျော် အချိန်မှီ စာရင်းတင်ခဲ့ကြောင်း သိရ၏။

သြဂတ်စ် ၃၀ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံရေးပါတီများ ကိုယ်စားလှယ်လောင်းများ အသီးသီး စာရင်း တင်ရမည့် အချက်ကြောင့် “အချိန်အရမ်းအကြပ်အတည်း ဖြစ်တယ်။ ကိုယ်စားလှယ်လောင်း စာရင်းပြည့်မှီရေးနဲ့ သူတို့အတွက် အသုံးစရိတ်ကောဘဲ” ဟု တောင်ပိုင်းကျားဖြူပါတီဝင် တဦးက ပြောပါသည်။
logo
လွတ်တော်သုံးရပ်အတွက် ကျားဖြူပါတီကိုယ်စားလောင်း စာရင်းအရ သျှမ်းပြည်မြောက်ပိုင်း ၄၆ ဦး၊ တောင်ပိုင်း ၄၃ ဦး၊ အရှေ့ပိုင်း ၂၉ ဦး၊ စစ်ကိုင်း၊ မန္တလေးနှင့် ကချင်ပြည် အတွက် ၄၄ ဦး - စုစု ပေါင်း ၁၆၃ ဦး - ယမန်နေ့ သြဂတ်စ် ၃၀ နံနက်ပိုင်းအပြီး တင်လိုက်ကြောင်း တောင်ကြီးရောက် ကျားဖြူပါတီဝင် တဦးက ပြောသည်။

“ကိုယ်စားလှယ်လောင်းတယောက် ကျပ် ၅ သိန်းအတွက် ဗဟိုကော်မတီကလည်း အပြည့်အ၀ မထောက်ပံ့ နိုင်ဘူး။ တချို့တ၀က် ထောက်ပံ့ခဲ့တာတောင်မှ ပြန်ဆပ်ရမယ်တောင် ပြောတယ်။ အများဖြင့်တော့ အိတ်စိုက်ဘဲ” ဟု တောင်ပိုင်း ကျားဖြူပါတီ ကိုယ်စားလောင်းလျှောက်ထားသူ တဦးက ပြောပြပါသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီခေါ် ကျားဖြူပါတီအဖို့ အဓိက ယှဉ်ပြိုင်ရမည့် ပါတီမှာ ငွေအား၊ လူအား၊ အာဏာ အရှိဆုံး၊ နအဖကျောထောက်နောက်ခံ ကြံ့ဖွတ်ပါတီနှင့် တစည (တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး) ပါတီတို့ ဖြစ်သည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း စာရင်း ၈၀၀ အား ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြပြီး ဖြစ်ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ၄၄၃ နယ် ယှဉ်ပြိုင်ခဲ့သော်လည်း တစည ကိုယ်စားလှယ် လောင်း ၁၀ နယ်သာ အနိုင်ရကြောင်း ဧရာဝတီသတင်းဌာနက ရေးသားသည်။

“ကြံ့ဖွတ်ပါတီက အသင်းဖြစ်တုံးကအတိုင်းပဲ သြဇာအာဏာသုံးပြီး လူထုကို အဓမ္မ ပါတီဝင်ခိုင်းတယ်။ တခြား ပါတီလို အရင်စည်းရုံးပြီးမှ ဖေါင်ဖြည့်ခိုင်း၊ သဘောတူမှ ပါတီဝင်အဖြစ် သတ်မှတ်တာ မဟုတ်ဘူး၊ ရပ်ရွာ သူကြီးကို အမိန့်သံနဲ့ ပါတီဝင် ဘယ်လောက်ရှာပေးဆိုပြီး ဆင့်ဆိုတယ်” ဟု အမည်မဖေါ်လိုသည့် ပင်လုံသား တဦးက ပြောပါသည်။

USDP ခေါ် ကြံ့ဖွတ်ပါတီသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ပြောင်းလဲဖွဲ့စည်းသည့် ပါတီ ဖြစ်သဖြင့် အသွင်မပြောင်းမှီ အသင်းသား ၂၆ သန်းကျော်ရှိကြောင်း၊ နိုင်ရေးပါတီ ဖြစ်ပြီးနောက်ပိုင်း အသင်းသား ဦးရေ ၁၈ သန်းမှ သန်း ၂၀ ခန့်ကျန်ရှိနိုင်ကြောင်း www.mmtimes.com က ရေးသား၏။

 

 

 

 

Myanmar Newsမြန်မာ့သတင်း