BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း သျှမ်းသံတော်ဆင့် မူစယ် - မန္တလေး ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ လူ အမြောက်အများ သေဆုံး

မူစယ် - မန္တလေး ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ လူ အမြောက်အများ သေဆုံး

မူစယ် - မန္တလေးလမ်း ရတနာစိုး မော်တော်ယာဉ် အသင်းမှ ခရီးသည်တင် ဘတ်(စ်) ကား တစ်စီးသည် မူဆယ်မှ မန္တလေးသို့ အသွား ကွတ်ခိုင်မြို့အနီး၌ ယမန်နေ့ နံနက် ၉ နာရီကျော်ခန့်က ချောက်ထဲ ထိုးကျ.....

မူစယ် - မန္တလေးလမ်း ရတနာစိုး မော်တော်ယာဉ် အသင်းမှ ခရီးသည်တင် ဘတ်(စ်) ကား တစ်စီးသည် မူဆယ်မှ မန္တလေးသို့ အသွား ကွတ်ခိုင်မြို့အနီး၌ ယမန်နေ့ နံနက် ၉ နာရီကျော်ခန့်က ချောက်ထဲ ထိုးကျခဲ့ရာ ယာဉ်ပေါ်ပါ လူ ၃၀ ကျော် အနက် ၅ ဦး ပွဲချင်းပြီး သေဆုံးပြီး ၂၀ ကျော် ဆေးရုံတင်ထားရကြောင်း သိရသည်။
mdy-muse-road
မူစယ်မြို့မှ ထွက်ခွာလာသော အဆိုပါ ယာဉ်သည် ကွတ်ခိုင်မြို့အနီး ရှု့ခင်းသာ အရောက်တွင် ယာဉ်ငယ် တစ်စီးအား ရှောင်တိမ်းရာမှ ပေ ၅၀ ခန့်အနက်ရှိ ချောက်ထဲသို့ ထိုးကျခဲ့ခြင်း ဖြစ်ကြောင်း မော်တော်ယာဉ်လိုင်း နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကားငယ်တစ်စီးကို ရှောင်တိမ်းလိုက်တော့ ချောက်ထဲကို ၄/၅ ပတ်လောက် လိမ့်ကျ သွားတာ။ သစ်ပင်တစ်ပင်နဲ့ သွားငြိ နေတာပေါ့။ ကယ်ဆယ်ရေး သွားလုပ်တဲ့ သူတွေပြောတာတော့ ဖြစ်ဖြစ်ချင်း ၅ ယောက်က ပွဲချင်းပြီး သေတယ်။ ကျန်တဲ့ လူတွေကို ကွတ်ခိုင် ဆေးရုံ တင်ထားတယ်” ဟု သူက ပြောသည်။

ရဲဝန်ထမ်း တစ်ဦးနှင့် တရုတ်နယ်စပ်ဘက်မှ အိမ်ပြန်သည့် ရွေ့ပြောင်းအလုပ်သမားများ သေဆုံးခဲ့ပြီး ယနေ့ ကွတ်ခိုင် ဆေးရုံ တင်ထားသည့် လူနာများ အထဲမှ ထပ်မံ သေဆုံးမှု ရှိကြောင်း သိရသည်။

“အတိအကျကတော့ ဘယ်လောက် ထပ်သေသလဲ မသိဘူး။ တရုတ်ဘက်မှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ သူတွေ ထဲက ထပ်သေတယ်။ အပြင်မှာ ပြောနေတာတော့ ၂၀ လောက် ရှိတယ်။ ဆိုပြီးလည်း ပြောနေတယ်” လို့ သူက ဆိုသည်။

လွန်ခဲ့သည့် လက မူစယ် - မန္တလေးလမ်း စိတ်ကြိုက်မော်တော်ယာဉ်လှိုင်းမှ ခရီးသည်တင်ကားတစ်စီး ပြင်ဦးလွင် (မေမြို့) အလွန်တွင် တိမ်းမှောက်ခဲ့ရာ ခရီးသည် ၂၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။




 

 

 

 

 

Myanmar Newsမြန်မာ့သတင်း