အင်္ဂလန်နိုင်ငံတွင် သွားရောက်ပညာသင်ယူမည့် မော်လမြိုင်မြို့မှ မစုစန္ဒီမျိုးလွင်နှင့် တွေ့ဆုံခြင်း

“တခြား Scholarship program တွေကို ၃ခါ လျှောက်ပြီး အရွေးချယ်မခံခဲ့ရပေမယ့် ပညာဆက် သင်ချင်စိတ်ကတော့ ပျောက်မသွားဘဲ ထပ်ခါတလဲလဲ ကြိုးစားခဲ့ပါတယ်။ အဓိကကတော့ ဆုံးဖြတ် ချက်ချထားပြီးရင် သေချာပြင်ဆင်ဖို့၊ စိတ်ဓါတ်မကျဖို့နဲ့ ဇွဲကောင်းဖို့ အရေးကြီးပါတယ်”

မေး ။ ။ ဘာကြောင့် ရှီးဗနင်းစကောလားရှစ် လျှောက်ဖြစ်တာလဲ။

ဖြေ ။ ။ ၂၀၀၉ ခုနှစ်မှာ ကွန်ပြူတာသိပ္ဗံဘာသာရပ်နဲ့ဘွဲ့ရခဲ့ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပိုပြီး ဝါသနာပါတဲ့အတွက် စေတနာဝန်ထမ်းအဖြစ်စလုပ်ခဲ့ရာကနေ၂၀၁၀ ခုနှစ်ကစပြီး နိုင်ငံတကာအဖွဲ့ အစည်းတွေမှာ လူငယ်ဖွံ့ဖြိုးရေး၊ ကျား၊မ တန်းတူညီမျှရေးနဲ့ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဆိုင်ရာ စီမံကိန်းတွေကိုလုပ်ခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ Oxfam in Myanmar အဖွဲ့မှာ Programme Manager အနေနဲ့ တာဝန်ယူခဲ့ပါတယ်။ အခုချိန်မှာ လုပ်ငန်းအတွေ့အကြုံက ၇နှစ်လောက်ရှိလာပြီ ဆိုတော့ လုပ်ငန်းအတွေ့အကြုံနဲ့ ဆက်စပ်တဲ့ ဘာသာရပ်တစ်ခုကို လေ့လာချင်ပါတယ်။ အဲ့ဒီဘာသာ ရပ်နဲ့ ဘွဲ့တစ်ခု ထပ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မက Governance and Development ဘာသာ ရပ်ကို စိတ်ဝင်စားပါတယ်။ ခုနကပြောသလို အတွေ့အကြုံတွေနဲ့လဲ ဆက်စပ်နေတယ်။ အဲ့ဒီအချိန်မှာ Chevening Scholarship ကလဲ application စဖွင့်နေပြီ။ Chevening Scholarship က မြန်မာနိုင်ငံ က ကျောင်းသားတွေကိုလဲ ပေးတယ်။ ကိုယ်တက်ချင်တဲ့ ဘာသာရပ်ကိုလဲ ပေးတယ်ဆိုတာတွေ့ပြီး Chevening Scholarship ကိုလျှောက်ဖြစ်တာပါ။

မေး ။ ။ လျှောက်ထားခဲ့စဉ်ရော ဘာသာရပ်ရွေးချယ်မှုမှာ ဘယ်အထိရည်မှန်းခဲ့လဲ။

ဖြေ ။ ။ ဘာသာရပ်နဲ့ စပြီးရွေးခဲ့တဲ့အတွက် တက္ကသိုလ်ရွေးတဲ့အခါ ဆုံးဖြတ်ရခက်ပါတယ်။ ဘာသာရပ် ချင်းတူပေမယ့် တက္ကသိုလ် တစ်ခုနဲ့ တစ်ခုက Course Syllabus ချင်းမတူပါဘူး။ မဖြစ်မနေယူရမယ့် ဘာသာရပ်နဲ့ ရွေးချယ်ခွင့်ရှိတဲ့ ဘာသာရပ်တွေကို သေချာကြည့်ရပါတယ်။ Chevening Scholarship က တက္ကသိုလ် ၃ခုရွေးရပါတယ်။ တက္ကသိုလ် ၂ ခုမှာတော့ Governance and Development ဆိုပြီး ခေါင်းစဉ်သီးသန့်နဲ့ ဘာသာရပ်ရှိပေမယ့် နောက်တစ်ခုကတော့ International Development (Governance and State Building) ဆိုတဲ့ ဘာသာရပ်ခေါင်းစဉ်ကိုရွေးခဲ့ပါတယ်။ ဘာသာရပ်ရွေး ချယ်တဲ့အခါ စိတ်ဝင်စားမှုတစ်ခုတည်း မဟုတ်ဘဲ ကျွန်မရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ကျောင်းတက်ပြီး ပြန်လာရင် ကိုယ့်ရဲ့ ရည်မှန်းချက်အစီအစဉ်တွေ အတွက်ပါ ထည့်သွင်းစဉ်းစားပြီး ရေရှည်ကိုက်ညီ မယ့် ဘာသာရပ်ကိုရွေးချယ်တာပါ။

မေး ။ ။ ကျောင်းရွေးချယ်တဲ့အခါမှာ ဘယ်လိုစဉ်းစားပြီးရွေးချယ်ဖြစ်လဲ။

ဖြေ ။ ။ အဓိကအနေနဲ့ ကိုယ်တက်ချင်တဲ့ ဘာသာရပ်ရှိသလား၊ ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး ဒီတက္ကသိုလ်ရဲ့ ကျော်ကြားမှုတွေကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ UK ကျောင်းတွေက World Ranking တွေ ဘယ်လောက်ပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ ဘာသာရပ်တွေနဲ့ပတ်သက်ပြီး အရမ်းကောင်း တယ်ဆိုပြီး ကျော်ကြားတာတွေ ရှိပါတယ်။ အခု ကျွန်မသွားတက်မယ့် ကျောင်းဆိုရင် တက္ကသိုလ် တစ်ခုလုံးအနေနဲ့ World Ranking က ၂၀ ကျော်ပေမယ့် Governance and Development ဘာသာ ရပ်အနေနဲ့ဆို Ranking က ပထမဆိုတဲ့ အနေအထားမှာ ရှိပါတယ်။

မေး။ ။ လျှောက်ထားမှုဖြစ်စဉ်အတိုင်းအတာနဲ့ အခက်အခဲက ဘာတွေတွေ့ကြုံရလဲ။

ဖြေ။ ။ အခက်အခဲအနေနဲ့ကတော့ အချိန်ပါပဲ။ အလုပ်တစ်ဖက်နဲ့ ပြင်ဆင်ရတာ ဖြစ်တဲ့အတွက် နေ့တိုင်းနီးပါး တစ်နေ့ အချိန်နည်းနည်းစီပေးပြီး အင်္ဂလိပ်စာအတွက် ပြင်ဆင်ရတယ်။ application form ဖြည့်ရတယ်။ သူတို့မေးထားတဲ့ မေးခွန်းတွေနဲ့ကိုက်ညီအောင် စာစီစာကုံးရေးရပါတယ်။ ငယ်ငယ်ကတည်းက အက်ဆေးနဲ့ စာစီစာကုံးမှာ စိတ်ဝင်စားမှုအားနည်းခဲ့တော့ လျှောက်လွှာအတွက် ရေးရတဲ့ အက်ဆေးက အခက်ခဲဆုံးပါပဲ။ ဒါပေမယ့်လဲ အချိန်ပေးပြီးရေးပါတယ်။ Application စဖွင့်တဲ့ အချိန်ကတည်းက စပြီး ပြင်ဆင်ပါတယ်။

တစ်ချို့ကျတော့လဲ reference အချိန်မီမရတာရှိပေမယ့် ကျမကိုရေးပေးတဲ့ referee တွေက အချိန်လဲ မီအောင် သေချာလေးရေးပေးခဲ့တဲ့အတွက် အဲ့ဒီအပိုင်း မှာတော့ အခက်အခဲမရှိခဲ့ပါဘူး။ Chevening Scholarship က တက္ကသိုလ်ကို သီးသန့်ပြန်လျှောက်ရ ပါတယ်။ ရွေးချယ်တဲ့နေရာမှာလဲ အဆင့်တွေ များပါတယ်။ Scholarship အတွက် ရွေးချယ်ခံရပြီလို့ သိရတဲ့အချိန်မှာ Conditional offer ပဲဖြစ်နေသေးတဲ့အတွက် ရာနှုန်းပြည့်တော့ ဝမ်းမသာနိုင်သေး ပါဘူး။ ဘယ်လို Condition တွေလဲဆိုတော့ တက္ကသိုလ်ကနေ ကိုယ့်ကို လက်ခံကြောင်းစာ ရယ်၊ IELTS test result ရယ်၊ ပညာသင်ယူနိုင်စွမ်းရှိဖို့ လုံလောက်တဲ့ကျန်းမာရေး (စိတ်ကျန်းမာရေးအပါ အဝင်) ရှိမရှိကို ဆရာဝန်တစ်ယောက်က စစ်ဆေးထားတဲ့ ထောက်ခံချက်ရယ်လိုပါတယ်။ အဲ့တာတွေ အကုန်ရရှိပြီး Final Award Letter ရပြီးမှ တကယ်ဝမ်းသာနိုင်တာမျိုးပါ။

မေး ။ ။ စကောလားရှစ်ရတော့ စိတ်ထဲဘယ်လိုဖြစ်မိလဲ။

ဖြေ ။ ။ Interview ဖြေပြီးတဲ့အထိ ရမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ မရတာလဲဖြစ်နိုင်တဲ့အတွက် စိတ်ကိုပြင်ဆင်ထားပါတယ်။ သတင်းကတော့ စောင့်နေတာပေါ့၊ ရွေးချယ်ခံရပြီလို့ စာရရချင်း တကယ် ကို မယုံနိုင်ခဲ့ဘူး… အရမ်းလဲ ပျော်တယ်။ Email ကိုပဲ အခါခါ ဖတ်မိတယ် သေချာရဲ့လား တကယ်မှ ဟုတ်ရဲ့လား ဆိုပြီးတော့။ ခံစားချက်ကတော့ အိမ်မက် မက်နေသလိုပါပဲ။ အင်္ဂလန်မှာသွားပြီး ပညာ သင်ကြားရမယ်ဆိုတာ အရင်တုန်းက တစ်ခါမှ မစဉ်းစားဖူးခဲ့ပါဘူး။

မေး။ ။ ရှီးဗနင်းစကောလားရှစ်ရဲ့ ထူးခြားချက်က ဘာဖြစ်မလဲ။

ဖြေ။ ။ မြန်မာနိုင်ငံကကျောင်းသားတွေအတွက် UK မှာကျောင်းတက်ဖို့ Scholarship အစီအစဉ်တွေ အများကြီးမရှိပါဘူး။ အဲ့လိုရှားရှားပါးပါးထဲကမှ Chevening Scholarship Programme ကတစ်ခု အပါအဝင်ဖြစ်ပါတယ်။ Full Scholarship ဖြစ်တဲ့အတွက် Course Fees၊ Tuition Fees တွေအပြင် UK မှာ နေထိုင်စားရိတ်တွေကိုလဲ ပေးပါတယ်။ တချို့ scholarship programme တွေဆိုရင် သူတို့ ပေးမယ့် ဘာသာရပ်တွေကို ကန့်သတ်ထားတာရှိပါတယ် ဥပမာ Business တို့ Computer Science တို့ မပေးဘူးဆိုတာတွေရှိတယ်။ Chevening Scholarship ကတော့ အဲ့လိုတွေ ကန့်သတ်ထားတာ နည်းပါတယ်။ MBA လိုဘာသာရပ်မျိုးလဲလျှောက်လို့ရပါတယ်။

မေး။ ။ စကောလားရှစ်ရပြီးနောက်ပိုင်း ပြင်ဆင်မှုက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ Final Award Letter ရပြီဆိုရင်တော့ Visa လျှောက်ဖို့နဲ့ UK ကိုသွားဖို့ ပြင်ဆင်ရပြီပေါ့။ ဟို ရောက်ရင်ဘယ်မှာနေမယ် ဆိုတာကအစ ဘာတွေ သယ်သွားမလဲ၊ ကိုယ်နေမယ့်မြို့ရဲ့ ရာသီဥတု စသဖြင့် လေ့လာထား၊ ပြင်ဆင်ထားရပါတယ်။ Internet ကနေလဲ ရှာရတာရှိသလို ကိုယ့်ရှေ့ကသွား တဲ့သူတွေဆီကနေလဲ မေးမြန်းထားရပါတယ်။ ကျွန်မ တက်မယ့် ဘာသာရပ်ကတော့ အတန်းစမဖွင့် ခင် ကြိုဖတ်ထားရမယ့် စာတွေလဲ ပို့ထားပြီးပြီဆိုတော့ အဲ့တာတွေလဲ စဖတ်နေရပါပြီ။

မေး ။ ။ စကောလားရှစ်လျှောက်မယ့် သူတွေအတွက် ဘာတွေပြင်ဆင်ဖို့လိုမလဲ။

ဖြေ။ ။ Chevening Sholarship မှ မဟုတ်ပါဘူး၊ ဘယ်Scholarship ပဲလျှောက်လျှောက် Post-graduate level လျှောက်မယ်ဆိုရင် ကိုယ် ဘွဲ့ရခဲ့တဲ့ တက္ကသိုလ်ကနေ ဘွဲ့လက်မှတ်၊ အမှတ်စာရင်း (တက္ကသိုလ်တက်ခဲ့တဲ့နှစ်တွေအားလုံးအတွက်)၊ Grading report စတာတွေ ကြိုရထားဖို့လိုပါတယ်။ မြန်မာလိုဖြစ်နေခဲ့ရင် ဘာသာပြန်ထားဖို့ လိုပါတယ် authorized notary services တွေဆီမှာ ဘာသာ ပြန်ရမှာပါ။ အဲ့တာတွေက ထပ်ခါ ထပ်ခါ ပြန်သုံးလို့ရပါတယ်။ လျှောက်မယ့် Scholarship သေချာပြီ ဆိုရင် ထောက်ခံပေးမယ့်သူ Referee ၂ ဦးလိုပါတယ်။ ဘယ်သူတွေဆီကနေ Reference ယူရမလဲ ဆိုတာကတော့ Scholarship တစ်ခုနဲ့တစ်ခု ကွာခြားပါတယ်။ ဒါကြောင့် Guideline တွေသေချာဖတ်ဖို့ လိုအပ်ပါတယ်။ English Language Skill ကလဲ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာမို့ အင်္ဂလိပ်စာ သေချာလေ့လာထားဖို့လိုပါတယ်။ Chevening Scholarship က IELTS ဖြေဖို့ မစီစဉ် ပေးတဲ့အတွက် ကိုယ့်ဘာသာကိုယ့် လေ့လာထားပြီး ဖြေဖို့လဲ ပြင်ဆင်ထားရပါမယ်။ စကောလားရှစ် လျှောက်တဲ့အခါ ကိုယ်တက်ချင်တဲ့ ဘာသာရပ်၊ နိုင်ငံနဲ့ တက္ကသိုလ်ကိုအရင်ကြည့်ပြီးမှ ကိုယ်တက်ချင် တဲ့ဘာသာရပ်နဲ့ သွားချင်တဲ့နိုင်ငံအတွက်ဘယ်စကောလားရှစ်ကိုလျှောက်ရင် အဆင်ပြေမလဲဆိုတာ ရှာရပါတယ်။ http://myanmarstudyabroad.org မှာ စကောလားရှစ်တွေကို အချိန်နဲ့တစ်ပြေးညီ တင်ထားပေးပါတယ် အဲ့မှာ ဝင်ကြည့်လို့လဲရပါတယ်။ Chevening Scholarship ကိုစိတ်ဝင်စားတယ် ဆိုရင်တော့ ၂၀၁၈ အတွက် application တွေကို သြဂုတ်လ ၇ရက်နေ့ကနေ စပြီးဖွင့်နေပါပြီ။ အသေး စိတ်ကိုတော့ www.chevening.org မှာ လေ့လာနိုင်ပါတယ်။

မေး။ ။ တခြားဘာတွေဖြည့်စွက်ပြီး ပြောချင်သေးလဲ။

ဖြေ။ ။ နောက်ထပ်ပြောချင်တာကတော့ Scholarship လျှောက်တယ်ဆိုကတည်းက ရချင်လို့ ပညာ ဆက်သင်ချင်လို့ လျှောက်တာပေမယ့် လျှောက်တိုင်းရမယ်လို့ ပြောလို့မရပါဘူး။ ကိုယ့်လိုပဲ လျှောက် တဲ့သူလဲများတယ် Scholarship programme က နာမည်ကြီးလေ competitive ဖြစ်လေပါပဲ။ တစ်ခါ လျှောက်ပြီးမရလို့ဆိုပြီး စိတ်ဓါတ်မကျပါနဲ့။ ထပ်လျှောက်ပါ။ programme တစ်ခုတည်းကိုပဲ ထပ်ခါ ထပ်ခါ လျှောက်လဲရပါတယ်။ ကျမလဲ တခြား Scholarship programme တွေကို ၃ခါ လျှောက်ပြီး အရွေးချယ်မခံခဲ့ရပေမယ့် ပညာဆက်သင်ချင်စိတ်ကတော့ ပျောက်မသွားဘဲ ထပ်ခါတလဲလဲ ကြိုးစားခဲ့ ပါတယ်။ အဓိကကတော့ ဆုံးဖြတ်ချက်ချထားပြီးရင် သေချာပြင်ဆင်ဖို့၊ စိတ်ဓါတ်မကျဖို့နဲ့ ဇွဲကောင်းဖို့ အရေးကြီးပါတယ်။